မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့ နယ် ဆင်ကြို့ ရွာ အရှေ့ ကျောင်းရှိ အလောင်းစည်သူမင်း တည်ထားတော်မူခဲ့ သော လိုတရသရက္ခာန်ရွှေဂူ မြတ်စွာဘုရားကြီး၏ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တ ကစ္စာယန ဗုဒ္ဓရက္ခိတ အရှင်သူမြတ်သည် သက်တော်(၈၀) ၊ သိက္ခာတော်(၆၀)အရ ၊၁၃၇၅ခု တပို့ တွဲလဆန်း(၈) ရက်(ဖေဖော်ဝါရီလ (၇)ရက် ၊၂၀၁၄) သောကြာနေ့  နံနက်(၄)နာရီတွင် ဘဝနတ်ထံ စံမြန်းတော်မူရာ ၊ ယနေ့ အထိ ကြွင်းကျန်တော်မူသော ရုပ်ကလာပ်တော်သည်၊ ဆေးစီရင်ခြင်း
ပြုပြင်ခြင်း၊ မပြုလုပ်ရပဲ တောင့်တင်းခြင်း၊ပုတ်သိုးခြင်းမရှိ ပကတိ အသက်ရှင်တော်မူသည့်အလား ရှိနေတော်မူသည်သာမက ၊ဆံတော်များပါ ရှည်ထွက်လာကြောင်း၊ အသားအရည်မှာလည်း သက်တော်ရှိစဉ်က အလားဝင်းဝါစိုပြေလျှက်ရှိကြောင်း တပြည့် ဒါယကာ ၊ရဟန်းတော် များထံမှ သိရှိရပါသည်။ ယနေ့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်တွင် သာသနာတော် ထွန်းကားပြန့် ပွားလျှက်ရှိပြီး ရဟန္တာနှင့်  ပုဂ္ဂိုလ်ထူးများ ရှိနေသေးသည့် သက်သေသာဓကတရပ်ဖြစ်သည်။
ဆရာတော်ကြီး၏ အန္တိမ ဈာပနကို၂၀၁၄ မတ်လကုန်တွင် ကျင်းပမည်ဖြစ်ရာ နောက်မကျမှီ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်၏ ကြွင်းကျန်တော်မူသော ရုပ်ကလာပ်တော်ကိုသွားရောက် ဖူးမြှော် ကြည်ညိုသဒ္ဓါပွားများနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပခုက္ကူ မှကားဖြင့် သွားပါက ရေစကြိုမြို့ နယ်အ၀င်ဆိုင်းဘုတ်အကျော်တွင်ဘုရားလမ်းညွှန်မုခ်ဦးကိုတွေ့ ရပါလိမ့်မည်၊ ဆရာတော်ကြီး၏ရုပ်ကလာပ်
တော်ကို ပူဇော်ရင်းအလောင်းစည်သူမင်း တည်ထားတော်မူခဲ့ သော ဆင်ကြို့ သရက္ခာန်ဘုရား ကိုဖူးမျှော်နိုင်ကြပါသည်။မန္တလေး ၊မိတ္ထီလာ၊မုံရွာမြို့ များမှ နေချင်းပြန်သွားနိုင်ပြီး အလောင်းစည်သူ မင်းတရားကြီး တည်ထားတော်မူသော ပုခန်းကြီး၊ရှင်မတောင်၊ ရွှေတန့် တစ် စသည့် ကျန်ရှိသော ဆုတောင်းပြည့် သရက္ခာန်ဘုရားသုံးဆူတို့ ကိုပါ အဓိဋ္ဌာန်ဖြင့်  နေ့ ချင်းပြီး ဖူးမျှော်ပူဇော်ပါက အဓိဋ္ဌာန် အောင်နိုင်ကြမည်ဖြစ်ပါကြောင်း သာသနာ့ အကျိုး အများသူငှာအကျိုး အလို့ ငှာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည် ။
ဆရာတော် ဘဒ္ဒန္တ ကစ္စာယန ဗုဒ္ဓရက္ခိတ အရှင်သူမြတ်၏ထေရုပ္ပတ္တိကို ဆက်လက်ဖော်ပြပါမည်။
(ဦးဝင်းထွဋ္ဋ်ကျော်)
No comments:
Post a Comment