Monday, October 20, 2014

နှလုံးရှိုက်သံ



နှလုံးရှိုက်သံ
(ဂျူး)


အနာတကာ့ ထိပ်ခေါင် နာကျဉ်တာတောင်


အပြုံးတစ်ဝက် မျက်ရည်စက်နဲ့

သေမင်းကိုပင် အံတုရှောင်ပြီး

အမေသားထွေး ပုလုကွေးကို

လောကအလယ်ခေါ်ခဲ့တယ် ။


သားရဲ့ချေးသေး အညစ်ကြေးတို့

အမေ့ဝမ်းထဲ ၀င်ခဲ့တယ်


ဒေါသကင်းကင်း ချစ်ခြင်းများနဲ့

ပညာတွေလဲ ပေးခဲ့တယ်


အမေ့အိမ်လေး ရောင်းချပေးပြီး

တင့်တင့်တယ်တယ် ကြင်ယာသည်နဲ့

လက်ထပ်ပွဲကို ဂုဏ်ရှိန်တိုးအောင် ဆောင်ခဲ့တယ် ။


တန်ဘိုးကြီးမား ပစ္စည်းများနဲ့

လုပ်ငန်းတွေလဲ ပိုင်ခဲ့တယ် ။


ဇနီးမယား မြေးသားစုံလင် ပျော်ရွှင်ချိန်မှာ

အမေကတော့ ခန်းကျဉ်းလေးထဲ ခေါ်သူမဲ့လို့

ရင်ထဲကြိတ်ကြိတ် ငိုခဲ့တယ် ။


အမေအိုချိန် သားလေးအိမ်မှာ

အားလုံးမျက်နှာ ချိုကြည်သာမှ

ထမင်း၀၀ စားရဲတယ် ။


သားမျက်နှာလေး ကြည့်ပြီးအေးမြ

အမေ့ဘ၀ ချမ်းမြပျော်ရွှင် ကြည်လင်ပါလဲ

နှလုံးရှိုက်သံ ညံခဲ့တယ် ။ ။


(ဂျူး)






No comments: