မောင့်သခင်
(မြင်းမူမောင်သစ္စာ)
ဝင်းဝါဖြူနု ၊သားတော်ဥနှင့်
လှစုထိပ်တင် ၊ကျွန့် အရှင်ကို
တင်စားလိုက်ချင် မောင့်သခင်။
သံသာချိုမည် ၊ဥသြသည်ပင်
ချိုကြည်သံဝါ ၊သူ့ သံသာကို
ဖန်ခါနားဆင် အံ့၍ပင်။
နွှဲ့ လီသွဲ့ ပြောင်း ၊ကိုယ်ဟန်နှောင်းက
ဂုဏ်ပေါင်း ပန်းချီ ၊စာဆိုညီ၍
စာစီခြယ်လျှင် ၊ပိုမယ်ထင်။
အလှပေါင်းစု ၊ဂုဏ်နှိုင်းတု၍
ယုယတွယ်တာ ၊သူ့ ပေါ်သာပင်
စိတ်ဝယ်ယစ်မူး ၊မောင်လျှင်ရူးမိ
တင်စားလိုက်ချင် မောင့်သခင်။ ။
(မြင်းမူမောင်သစ္စာ)
စိတ်ဝယ်ယစ်မူး ၊မောင်လျှင်ရူးမိ
တင်စားလိုက်ချင် မောင့်သခင်။ ။
(မြင်းမူမောင်သစ္စာ)
ကဗျာဆရာကြီးများ ၏ ကဗျာများစုစည်းမှု(Facebook) စာမျက်နှာမှ တဆင့် ကူးယူတင်ပြသည်။

No comments:
Post a Comment