အနမ်းပါသော ထမင်းပွဲ
(ဒေါင်းနွယ်ဆွေ)
တနေ့ လုံးလျှင်
ပိုက်ငင်,ကွန်ချ ၊ ငါးမရ၍
ထိုည ပူပန် ၊ အိမ်သို့ ပြန်သော်
ဖန်ခါးသီး နှင့် ၊ သခွတ်ပွင့်ညို
ငါးပိကျိုလျှက် ၊ ဖားပျို ပေါင်သား
ဆီ,ဆားနှင့်ပြင် ၊ မီးကင်တမြှိုက်
မြင်လိုက်ရသော်
ပိုက်ကွန်ပစ်ချ ၊ ပေါ့ ပါးစွလျှင်
အမ အိမ်သူ ၊ ပါးဖြူဖြူကို
ဟင်းပူနွေးနွေး ၊ ဝဝ လွေးသို့ 
မွေးမွေးကြူကြူ ၊ နမ်းနမ်း မြိန်မြန်တည်း ။
No comments:
Post a Comment