Tuesday, April 22, 2014


သစ်တောနဲ့ မြစ် 
( မောင်စိန်ဝင်း - ပုတီးကုန်း )

-

ကိုယ့်တိုင်းပြည် ကိုယ်ချစ်မှ

ကိုယ့်သစ်တော ကိုယ်ခင်မည်။

ရေဝေတောတွေ ထိန်းသိမ်းလို့

စိမ်းစိမ်းညို့ ဟိုတောင်ဆီ၊

-

သစ်တောနဲ့ ရာသီ

မြန်မာပြည်ရဲ့ အသက်၊

တောပြုန်းကာ ရာသီအဆိုးမှာ

မိုးလေကဖျက်။

-

ကိုယ့်လူမျိုး ကိုယ်ချစ်မှ

ကိုယ့်မြစ်ချောင်း ကိုယ်ခင်တွယ်၊

ဘိုးဘွားအမွေ အမှတ်မျိုး

မြတ်နိုးနိုင်မယ်။

-

ကိုယ့်မြစ်ချောင်း ကိုယ်ကာကွယ်

မြန်မာရယ်လို့ ကဗျည်းထိုး၊

ရွှေ မမက်ပါဘူး

ရေတစက်ကို အသွေးအသားလို

အလေးထားကာ ချစ်သလောက်

မြစ်ပျောက်မှာစိုး။

-

မောင်စိန်ဝင်း(ပုတီးကုန်း)
-

No comments: